Tuesday, September 28, 2010

ဗြိတိန်နိုင်ငံ လေဘာပါတီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် မဝေနှင်းပွင့်သုန် မိန့်ခွန်းပြောကြားခွင့်ရ


ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေပြီး ကျောင်းတက်နေသော မဝေနှင်းပွင့်သုန်သည် မန်ချက်စတာမြို့တွင် ပြုလုပ်ခဲ့သော လေဘာပါတီ၏ နှစ်ပတ်လည် အစည်းအဝေးသို့ ယမန်နေ့က တက်ရောက်ပြီး မိန့်ခွန်း ပြောခွင့်ရခဲ့ပါသည်။


ဗြိတိသျှ (English) အသံထွက်ဖြင့် ပြောကြားသွားသော ထိုမိန့်ခွန်းတွင် မြန်မာပြည်၏ နိုင်ငံရေး အခြေအနေများကို ထိထိမိမိ ဖော်ပြသွားခဲ့သည်။

မဝေနှင်းပွင့်သုန် ပြောကြားသွားခဲ့သော မိန့်ခွန်းမှာ ပြည့်စုံကောင်းမွန်လှသဖြင့် အစည်းအဝေးတက်ရောက်သူများနှင့် အင်တာနက်မှ ကြည့်ရှုသူများပါ စိတ်ဝင်တစား နားထောင်ကြသော မိန့်ခွန်းတခုဖြစ်သည်။ ဘီဘီစီ (BBC) သတင်းဌာနမှ (၆) မိနစ်ကျော်ကြာမြင့်သော ထိုမိန့်ခွန်းကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။

လေဘာပါတီ အစည်းအဝေး၌ မိန့်ခွန်းပြောရာတွင် မဝေနှင်းပွင့်သုန်က ထောင်ဒဏ် (၆၅) နှစ်စီ ချမှတ်ခံထားရသော သူမ၏ဖခင်နှင့် လုပ်ဖော်ကိုင်ဘက် ၈၈ မျိုးဆက် ခေါင်းဆောင်များ၏ အထိမ်းအမှတ် အဖြစ် ၈၈ မျိုးဆက် ကျောင်းသားများ ဝတ်ဆင်ခဲ့သည့် ဝတ်စုံကို ၀တ်ဆင်ထားသည်။

မဝေနှင်းပွင့်သုန်၏ ဖခင် ကိုမြအေးသည် ၂၀၀၇ ခုနှစ်က အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရရာမှ မကြာသေးမီက ကယားပြည်နယ်၊ ရှမ်းပြည်နယ် ထောင်များသို့ ပို့ဆောင်ခံရသည်။ ကျန်းမာရေးအခြေအနေ သိပ်ကောင်းမွန်ခြင်းမရှိဟု သိရသည်။

မဝေနှင်းပွင့်သုန်သည် BCUK ခေါ် မြန်မာ့အရေးလှုပ်ရှားသည့် Burma Campaign UK တွင် ပါဝင်၍ တာဝန်ယူ လုပ်ကိုင်ဆောင်ရွက် လှုပ်ရှားနေသည်။



No comments:

Post a Comment