Wednesday, March 24, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၂)

(Choosing Right Path and Real Politics)
နအဖက ဘာ့ကြောင့် ရွေးကောက်ပွဲ လုပ်ပေးတာလဲ။ အာဏာကို သူတို့ဘဲ ဆက်လက် ချုပ်ကိုင်သွားမဲ့အတူတူ ဘာ့ကြောင့် အလုပ်ရှုပ်ခံပြီး ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေပါသလဲ။
အရပ်သားတွေကို ဇယားအရှုပ်ခံပြီး အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းထဲမှာ ပါဝင်လာစေတဲ့ (၉၁)ဌာန ကိုလိုအုပ်ချုပ်ရေးလို ရွေးကောက်ပွဲမျိုး ကျင်းပပေးရခြင်းက အနှစ်နှစ်ဆယ်လုံးလုံး သူတို့မရခဲ့တဲ့၊ ဒီအတိုင်းဆက်သွားရင် နောက်အနှစ် (၂၀၀)ကြာလည်း မရနိုင်တဲ့ တရားဝင်မှု(Legitimacy)ကို လိုချင်တဲ့အတွက်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အာဏာနှင့် ငွေတွေ အလျှံပယ်ရှိနေတဲ့ ဗိုလ်ချုပ်တွေအဖို့ ဒေသဆိုင်ရာ အိမ်ကျယ်ဘ၀က တစ်ဆင့်တက်ပြီး နိုင်ငံတကာမှာ တွင်ကျယ်နိုင်ဖို့က လူရိုသေ၊ ရှင်ရိုသေ တရားဝင် အစိုးရဖြစ်ဖို့ လိုအပ်နေပါတယ်။ ဒါကို လူထုကသာ ပေးနိုင်တာမို့ အနှစ်နှစ်ဆယ်ကျော် မျက်ကန်း တစ္ဆေမကြောက် တစ်ကိုယ်ရေ ကောင်းစားရေးအတွက်