Tuesday, April 28, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ညှိနှိုင်းဆွေးနွေးပွဲကြီး ဧပြီလ ၂၀၀၉ ခုနှစ်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးပွဲကြီးကို ၂၀၀၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ်ရုံး၌ စတင်ကျင်းပခဲ့ရာ ပြည်နယ်နှင့်တိုင်းများမှ စည်းရုံးရေးအဖွဲ့ဝင် (၆၃)ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၃)ဦး ဗဟိုလူငယ်အဖွဲ့မှ(၃)ဦး ဗဟိုအမျိုးသမီးအဖွဲ့မှ(၃)ဦး တက်ရောက်ခဲ့ကြပြီး စီအာပီပီ (CRPP) အဖွဲ့ဝင်များ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြပါသည် ။






အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကြီးကို ၂၀၀၉ ခုနှစ် ဧပြီလ (၂၈)ရက်နေ့ မှ (၂၉)ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးပွဲကြီး မစတင်မီ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းက၎င်း စည်းရုံးရေးဆိုင်ရာအစီရင်ခံစာကို ဦးအုန်းကြိုင်က၎င်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအစီရင်ခံစာကို ဦးသိန်းညွှန့်က၎င်း အသီးသီးဖတ်ကြားတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ ပြန်လှန်ဆွေးနွေးခဲ့ကြကာ မရှင်းသည့် အချက်များ မေးမြန်းချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်ဖြေကြားသွားပါသည် ။




height="500" width="100%">



အာဏာပိုင်တွေဘက်ကလည်း ယခင်ပြုလုပ်နေကြထက် လုံခြုံရေးအင်အားတိုး၍ချထားကာ အနီးကပ်စောင့်ကြပ်ကြည့်ရှုနေကြပြီး ယခုအချိန်ထိတော့ တစုံတရာ နှောက်ယှက် ဟန့်တားတာ မရှိသေးကြောင်း သတင်းရရှိပါသည် ။



No comments:

Post a Comment