Thursday, August 26, 2010

ABSDF (ကျောင်းသားတပ်မတော်) ၏ ဖြတ်သန်းခဲ့သည့် ပုံရိပ်မှတ်တမ်းတချို့










Thursday, August 19, 2010

ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့်


အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက် တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် ကျင်းပ သော ဓါတ်ပုံများ

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ခန့်မှာ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်း နေအိမ် အမှတ် ၂၄ မှာ ကွယ်လွန် ခဲ့သည်။


ပေးပို့သောမျိုးဆက်သစ်လူငယ်များကို ကျေးဇူးတင်ပါသည်။

Sunday, August 8, 2010

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး နှစ်ပါတ်လည် အမှတ်တရ







Sunday, August 1, 2010

ပြည်သူအတွက် မရပ်တည်သော အနုပညာရှင်ကို လန်ဒန်ရောက် ကျောင်းသားများ ကန့်ကွက် ဆန္ဒပြ


CHAN MYA SOE 's Public Gallery မှ ဓါတ်ပုံများကို ဖေါ်ပြပါသည်။

London တွင်ပြုလုပ်သော မြန်မာအသင်း၏ အငြိမ့်ဖျော်ဖြေမှုတွင် အာရုဏ်ဦးမှာဖူးသည့်ကြာ၏ ၀ါဒဖြန့်သရုပ်ဆောင် နေတိုးနှင့်မိုးယုစံ ပါဝင်နေသည့်အတွက် လန်ဒန်ရောက် မြန်မာကျောင်းသားများ ၀ိုင်းဝန်းဆန္ဒပြကြကြောင်း။ ထိုနေ့ည အငြိမ့်ဖျော်ဖြေမှုမှာလည်း လူအနည်းအကျဉ်းသာ လာရောက်သည့်အပြင် အချို့မှာ ဆန္ဒပြနေသည့်အတွက် လှည့်ပြန်သွားကြသူများ ရှိကြကြောင်း လန်ဒန်ရောက် မြန်မာကျောင်းသားဆန္ဒပြပွဲ မျက်မြင်သက်သေက ပြောပါသည်။ ပြည်သူကတင်မြှောက်ထားသော အနုပညာရှင်များအနေဖြင့် ပြည်သူအပေါ်သစ္စာဖေါက်ခြင်းအတွက် ဒဏ်ခက်ခံရခြင်းဖြစ်ပါသည်။ အနုပညာရှင်များ အနေဖြင့် ပြည်သူအား သစ္စာမဖေါက်သင့်ကြောင်း ယ္ခုဆန္ဒပြပွဲက သက်သေခံနေပါသည်။

(သတင်းအတွက် ကူညီသော သူငယ်ချင်းများနှင့် ဓါတ်ပုံအတွက် ကိုချမ်းမြစိုး အားကျေးဇူးတင်ပါသည်။)

ကိုကြီး ဘလောက်မှကူးယူဖေါ်ပြပါသည်။

Wednesday, July 21, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား နှင့် လှုပ်ရှားမှုမှတ်တမ်း ပုံရိပ်အချို့

ဒီနှစ် အာဇာနည်နေ့ကတော့ အရင်နှစ်လိုမဟုတ်ဘဲ ထူးခြားမှုတွေရှိခဲ့တယ်လို့ ယူဆရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အာဇာနည်နေ့ အခမ်းအနားကို ပုံမှန်ကျင်းပနေကျ အဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးမှာ အခမ်းအနား မပြုလုပ်တော့ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးရဲ့နေအိမ်မှာ ကျင်းပ ပြုလုပ်ဖြစ်ခဲ့ပါတယ် ။



အဲဒီအခမ်းအနားကို အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ အဖွဲ့ချုပ် လူငယ်၊ အမျိုးသမီးနှင့် ၀ါရင့်နိုင်ငံရေးသမားကြီးများ စုစုပေါင်း ၅၀၀ ၀န်းကျင်လောက် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ တက်ရောက်လာသူများကို မုန့်နဲ့ကော်ဖီလောက်နဲ့ဘဲ ဧည့်ခံနိုင်တာ တွေ့ရပါတယ်။

အခမ်းအနားကျင်းပတဲ့ နေရာ အကန့်အသတ် ရှိနေတာကြောင့် တက်ရောက်လာကြသူတချို့ဟာ ဦးတင်ဦးနေအိမ်ခြံဝင်းအတွင်းမှာပဲ နေရာယူပြီးတော့ ဆောင်ရွက်ကြတာ တွေ့ရပါတယ်။



၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နံနက် ၉ နာရီမှာ စတင်ပြီး ၊ ၁၁နာရီခွဲလောက်မှာ ပြီးဆုံးခဲ့ပါတယ်။

ဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနား အပြီးမှာတော့ တက်ရောက်လာတဲ့ လူငယ်များနှင့် အမျိုးသမီးများ အဖွဲ့ချုပ်ဝင်များဟာ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဖို့အတွက် အာဇာနည်ကုန်းကို သွားရောက်ကြပါတယ်။

အဲဒီမှာပဲ အာဏာပိုင်ဘက်က မြို့နယ်အဆင့်လား၊ ဘာအဆင့် ရှိသူလဲတော့ မသိပါဘူး၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ အင်္ကျီတွေ ၀တ်ဆင်ပြီးတော့ အာဇာနည်ကုန်းကို ချီတက်မသွားဖို့ လာရောက်တားဆီးခဲ့ပါတယ်။ (သူတို့အနေနဲ့ တားဆီးတာ မဟုတ်ဘဲ ညှိနှိုင်းတာပါလို့ ပြောပါတယ်) တကယ်လို့ မဖြစ်မနေသွားမယ်ဆိုရင် အာဏာပိုင်တွေက ကား စီစဉ်ပေးမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အတွေ့အကြုံတွေများနေပါပြီ။ ကားပေါ်တက်၊ ကားပေါ်တက်၊ လိုက်ပို့ပေးမယ်ပြောပြီး ရန်ကုန်မြိ့ပြင် လှည်းကူးလိုနေရာမျိုးမှာ ၊ လိုင်းကားမရှိတဲ့ ဖောင်ကြီးနား သာဓုကန်ဘုရားနားမှာ မောင်းချခဲ့တာတွေကို မမေ့ကြပါဘူး။ ဒါကြောင့် စားရိတ်လဲသက်သာ၊ အညောင်းလဲပြေ၊ လမ်းလျောက်သွားကြတာ ကောင်းပါတယ် လို့ ပြောပြီး အာဇာနည်ကုန်းဆီ လမ်းလျှောက်သွားခဲ့ကြပါတယ်။ အာဇာနည်ကုန်းရောက်တော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံပါတဲ့ တီရှပ် ၀တ်ဆင်လာတဲ့သူတွေကို အာဇာနည်ကုန်းပေါ်ကို တက်ခွင့် မပြုခဲ့ပါဘူး။ ဘာ အကြောင်းပြချက်၊ ဘာ ဖြေရှင်းချက်မှ မပေးဘဲ အာဇာနည်တွေကို ဂါဝရပြုခွင့် မပေးခဲ့တာပါ။ အဲဒီလို ဂါရ၀ပြုခွင့်မပေးလည်း ကိစ္စ မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက ရောက်တဲ့နေရာကဘဲ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဆီကို ဆက်လက် သွားရောက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်သူရဲကောင်းတွေ ကျဆုံးတဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ အင်္ကျီကိုဝတ်ထားသူကို အာဇာနည်ကုန်း သွားပြီး အလေးပြုခွင့်မပေးတာ အတော့်ကို စဉ်းစားရကြပ်ပါတယ်။ ဒါ့ကြောင့် လူငယ်ထုကြားထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ အင်္ကျီဝတ်တာ ဘယ်သူ့ကို ထိခိုက်လို့လဲဆိုပြီး မေးခွန်းထုတ်ဖြစ်ကြတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ရောက်တော့လဲ ဗိုလ်ချုပ်ပုံပါတဲ့အင်္ကျီ ၀တ်ဆင်ထားတဲ့သူတွေကို ပြတိုက်ထဲ ပေးမ၀င်နိုင်ဘူး ပြောပြန်ပါတယ်။


ဒီလူတွေ တော်တော် ခက်ပါလားလို့ တွေးမိလိုက်တယ်။ တားမြစ်ခံရသူလူငယ်တွေအားလုံးက အရာရာကို သည်းညည်းခံနိုင်ပါတယ်။ ဒီလောက် ပိတ်ပင်တာ ဒါဆိုလဲ ကန်တော်ကြီးပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ဆီကိုပဲ သွားကြတာပေါ့လို့ ပြောပြီး ဗိုလ်ချုပ်ကြေးရုပ်ရှိရာဆီကို ဆက်သွားကြတယ်။ ဗိုလ်ချုပ်ကြေးရုပ်မှာတော့ ဗိုလ်ချုပ်ကို အလေးမပြုရလို့ တားဆီးမဲ့သူ မရှိတော့ပါ။

အခု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ အချို့လူငယ်တွေဟာ အကျဉ်းကျ အချုပ်ကျ ဘ၀နဲ့ နေဘူးတဲ့သူတွေ ပါဝင်ပါတယ်။ ဒီတော့ လွတ်လပ်မှုဆိုတာ ဘယ်လောက်တောင် တန်ဖိုး ရှိတယ်၊ လူ့အခွင့်အရေးဆိုတာ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာတွေကို လေးလေးနက်နက် နားလည် သဘောပေါက်ကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို တိုင်းတပါးလက်အောက်က လွတ်မြောက်အောင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးအနက်ပြု စံနမူနာထားကြတယ်။ မြတ်နိုးကြတယ်။ ချစ်ခင် လေးစားကြတယ်။



တိုင်းတပါးလက်အောက်က လွတ်မြောက်လာပေမဲ့လဲ အခြေခံ လူ့အခွင့်အရေးတွေ၊ လူကိုလူလို ဆက်ဆံစေချင်တာတွေ ၊ တိုင်းသူပြည်သားတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို အလေးအနက် ထားတယ်။ အဲဒီ အခွင့်အရေးတွေအတွက် ကြိုးစား လုပ်ကိုင်ကြတယ်။ ဒါ့ကြောင့် လူ့အခွင့်အရေးအတွက် ဦးဆောင် တိုက်ပွဲဝင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကျရာတာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်ခဲ့ကြတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ရှေ့ရေးကတော့ မပီဝိုးတ၀ါး ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ကျနော်တို့ ကြိုးစား ဆောင်ရွက်သွားကြမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလေးပြု၊ ဂါရ၀ပြုရင်း တနေ့ကျရင် ကျနော်တို့ ပြည်သူတွေ ဒီမိုကရေစီနဲ့ အခြေခံ လူ့ခွင့်အရေးတွေ ရကို ရကြရမှာပါ လို့ အလေးအနက် တွေးမိပါရဲ့။



အခု ဆက်လက်ပြီး ဖော်ပြထားတဲ့ ဓါတ်ပုံများကတော့ ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးမြတ်လှ နေအိမ်တွင် ကျင်းပတဲ့ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားက ဓါတ်ပုံများ ဖြစ်ပါတယ်။

















(အဖွဲ့ချုပ်လူငယ်တဦးမှ ပေးပို့သည့် မှတ်တမ်းများကို ဘားမားတူဒေးမှ ပြန်လည်ကူးယူဖေါ်ပြပါသည်)

Wednesday, July 7, 2010

ဆဲဗင်းဂျူလိုင် အမှတ်တရ




လွတ်လပ်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေး တို့အတွက် …. ခေတ်အဆက်ဆက် အသက်သွေး၊ ချွေးပေါင်းမြောက်များစွာ ပေးဆပ်၍ …… လက်ဆင့်ကမ်း သယ်ဆောင်ကာ ခေတ်၏ သမိုင်းပေးတာဝန်ကို ထမ်းရွက်၍ အမြင့်မားဆုံးလွှင့်ထူ တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားသမဂ္ဂများ၏ ခွပ်ဒေါင်းအလံတော် ….



ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တံဆိပ်




သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦး




၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် အာဏာရှင် စစ်အုပ်စုမှ ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂအပေါ် အညှိုးအတေးကြီးစွာဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ဖေါက်ခွဲ ဖြိုချ ဖျက်ဆီးပစ်ခဲ့သည်။




၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ဆဲဗင်းဂျူလိုင် အမှတ်တရ စကားနှင့်

ကိုယ်တိုင် ရေးစပ် သီဆိုခဲ့သည့် ခွပ်ဒေါင်းအလံ သီချင်း

(အသံဖိုင်အား ဘားမားတူဒေးမှ ပြန်လည်ကူးယူဖေါ်ပြထားပါသည်)



Sunday, June 27, 2010

စစ်အစိုးရအား တရားဆွဲဆိုခြင်း သတင်း ဓါတ်ပုံ

မြန်မာစစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN) တို့၏ အကူအညီဖြင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို ခဲ့ကြပါသည်။ ၄င်း အစီအစဉ်အား Burma Campaign Japan (BCJP) တွင် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးခဲ့ပါသည်။ ရိုင်းစိုင်းယုတ်မာသော စစ်အစိုးရ၏ လုပ်ရက်များအား http://burmacampaign.net တွင်ကြည့်ရှု့ နိုင်ပါသည်။


ဓါတ်ပုံပေးပို့သော ကိုမိုင်ကျော်ဦးအား ကျေးဇူးအထူးတင်ပါသည်။

မနန္ဒာ(လမ်းပြကြယ် ဂျပန်)မှ ပေးပို့သည်။

Saturday, June 26, 2010

ဟောလိဝုဒ် အော်စကာပွဲ တက်ရောက်ခဲ့စဉ်က

ဦးပညာဇောတ(ABMA)

၂၀၀၇ ခု မြန်မာပြည်မှာ သံဃာတော်များရဲ့ ရွှေဝါရောင် မေတ္တာပို့လမ်းလျှောက်ပွဲကို နောက်ခံပြုရိုက်ကူးထားတဲ့ ဇာတ်ကားကို Burma VJ လို့နာမည်ပေးထားပါတယ်၊ V=Video, J=Journalist လို့ဆိုပါတယ်၊ဇာတ်ကားလို့ဆို ထားပေမယ့် Documentary ဇာတ်လမ်းဖြစ်ပါတယ်၊ ရုပ်ရှင်ကားကြီးမဟုတ်ပါဘူး၊ တကယ့်အဖြစ်အပျက်ကို ရိုက်ပြထားပြီး ကြည့်ရှုချိန် ၈၅ မိနစ်လောက်ကြာပါတယ်။


သံဃာတော်များက အော်စကာမှန်းပြီးလုပ်ကြတာမဟုတ်သလို ဒါရိုက်တာနဲ့ ထုတ်လုပ်သူများကလဲ အော်စကာ မှန်းထားတဲ့ပုံ မတွေ့ရပါဘူး၊ဇာတ်ကားရိုက်ကူးပြီးတဲ့နောက် ၂၀၀၉ ခု ၅ လပိုင်းမှာစတင်ပြီး ထုတ်လုပ်သူနဲ့ ဒါရိုက်တာများက အမေရိကားက အနုပညာရှင်များစွာကို ဖိတ်ကြားပြီး OSI စပွန်ဆာနဲ့ ဇာတ်ကား ဖွင့်လှစ် ပြသပွဲ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ဥရောပတခွင်နဲ့ အမေရိကန်နိုင်ငံအနှံ့ ပြသဖြစ်ပါတယ်၊ စာရေးသူတို့ သံဃာတော်များအနေနဲ့ လည်း အမေရိကန်နိုင်ငံရှိ တက္ကသိုလ်၂၅ ခုလောက်နဲ့ ရုပ်ရှင်ရုံ